အဖြူရောင် ဝတ်ပြီးအပြင်သွားတဲ့အခါ သင်ရရှိမည့် အကျိုးအမြတ်တွေက ဘာတွေဖြစ်မလဲ ?

အဖြူရောင် ဝတ်ပြီးအပြင်သွားတဲ့အခါ သင်ရရှိမည့် အကျိုးအမြတ်တွေက ဘာတွေဖြစ်မလဲ ?

  • Brand Accounts



နွေးဦးကာလ မြူတွေထ သလို လူတွေခဏခဏ အပြင်သွားနေရတော့ အပြင်ထွက်တဲ့အခါ အဖြူရောင် ဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးလေးကို အားလုံးအတွက် မျှဝေပေးခြင်ပါတယ်

ပထမ ဆုံး တစ်ချက်အနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ အဖြူရောင်ရဲ့ အားသာချက်က အနက်ရောင် နဲ့ အရောင်ခပ်မှိုင်းမှိုင်းတွေလို ပြင်ပကလာတဲ့ အလင်းတွေ အပူတွေကို စုပ်ယူတာမျိုးမဟုတ်ဘဲ ပြန်လည် အလင်းပြန်စေတာကြောင့် အဖြူရောင်ကို ဝတ်ဆင်ပြီး နေပူထဲသွားဖြစ်ရင်တောင် သာမန်အိုက်စက်နေတာထက်ပိုမိုသက်သောင့်သက်သာဖြစ်တယ်ဆိုတဲ့ခံစားမှုကို
ရရှိစေပါတယ် ။


နောက်တစ်ချက် အနေနဲ့ ပေါ့ပေါ့ပါးပါး သွားလာချင်တဲ့ နေရာမျိုးမှာ အဖြူရောင် T shirt တွေဟာ သင့်အတွက် အထူးသင့်လျော်ပါတယ် ။
Jeans ပဲလား ? ကိုယ်နှစ်သက်ရာ Trousers တစ်ခုခုပဲလား ? မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး အဖြူရောင် T shirt တစ်ထည်လောက်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ခြင်းက သင့်ကို အချိန်ကုန် သက်သာစေမှာဖြစ်သလို Smartဖြစ်နေတဲ့ Casual Look တစ်ခုကို ရရှိပိုင်ဆိုင်စေမှာ အသေချာပါပဲ ။

နောက်ဆုံး တစ်ချက်အနေနဲ့ကတော့ အဖြူရောင်ကို ရွေးချယ်ခြင်းဟာ သင့်ကို လူတွေကြားထဲမှာ
ပိုမိုထင်ပေါ်စေပါတယ် မိမိ တစ်ယောက်တည်းဖြစ်စေ အသင်းအဖွဲ့‌လိုက်ဖြစ်စေ အဖြူရောင်ဝတ်ဆင်ထားခြင်း ၊ အဖြူရောင်ကို တူညီဝတ်ဆင်ခြင်းတို့က အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်တာကြောင့် အားလုံးထဲမှာ မိမိက ထင်ပေါ်နေခြင်တယ်ဆိုရင်တော့ အဖြူရောင် အဝတ်အထည်တွေကို ရွေးချယ်ခြင်းက အကောင်းဆုံးပါပဲ ။

ကဲ ဒီနေ့တော့ အဖြူရောင်ကနေ ရရှိမည့် အကျိုးကျေးဇူးတွေကို ဖော်ပြပြီးဆိုတော့ နောက်နေ့များမှာလဲ တစ်ခြားစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ဖော်ပြပေးသွားဦးမှာပဲဖြစ်ပါတယ် ။ အရည်အသွေးကောင်းမွန်တဲ့ Mango ရဲ့ အဖြူရောင် T - Shirt , Blouse နဲ့ Cardigan မျိုးစုံကို Khitzay မှာ ဝယ်ယူရရှိနိုင်ပါတယ် Khitzay ချစ်သူများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ ။

Mango Official Store – Khit Zay

Loading...
Liquid error (layout/theme line 164): Could not find asset snippets/th-product-review.liquid