Sleepace

Sleepace

  • Aung Myint Myat

“မိမိရဲ့အလုပ်ခွင်မှာတနေ့တာလုံးပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ပြီးရင်ညအိပ်တဲ့အခါသက်တောင့်သက်သာရှိပြီး လည်ပင်းအကြောတွေပြေလျော့စေမယ့် Smart Pillow နဲ့အိပ်မှသာနောက်နေ့တွေမှာလန်းလန်းဆန်းဆန်းနဲ့ လည်ပင်းဒဏ်မဖြစ်စေမှာပါ” ဒါ့အပြင်သင့်ရဲ့အိပ်စက်ခြင်းဆိုင်ရာကျန်းမာရေးအချက်အလက်တွေကို App မှတဆင့် သိနိုင်ပြီဆိုတော့ ကဲဘာလိုသေးလဲ?

Sleepace Sino Max Smart Pillow ကို တရုတ်နိုင်ငံ, ရှန်ကျန်းတွင် 2011 မှစ၍ တရားဝင်ရောင်းချခဲ့သည်။Sleepace Smart Pillow သည်အိပ်ပျော်နေစဥ်အတွင်း နှလုံးခုန်နှုန်း/အသက်ရှုနှုန်း/အိပ်စက်ချိန်တွင်လှုပ်ရှားမှုနှင့် အိပ်ရာမှထချိန်အထိ အိပ်စက်ခြင်းဆိုင်ရာကျန်းမာရေးအချက်အလက်များကိုတိုင်းတာပေးပြီးမိမိ၏အိပ်စက်ခြင်းဆိုင်ရာကျန်းမာရေးအချက် အလက်များကိုအလိုအလျောက်စောင့်ကြည့်နိုင်ပြီးအိပ်စက်ခြင်းနှင့်ပတ်သက်သည့်ကျန်းမာရေးကိုဂရုစိုက်သူများအတွက် အကျိုးပြုသည့် ပစ္စည်းဖြစ်ပါသည်။

Sleepace Smart ခေါင်းအုံးကို နှစ်ထပ်ခေါင်းအုံး Core ဒီဇိုင်းဖြင့် အသုံးပြုထားပြီး ခေါင်းအုံး၏အမြင့်ကို (2) စင်တီမီတာအထိတိုးမြှင့်ထားပါသည်။အောက်ခံခေါင်းအုံးအမာခံအလွှာကို(9)စင်တီမီတာအထူဖြင့်ပြုလုပ်ထားသည့် အတွက်မတူညီသောလူများ၏အိပ်စက်မှုအလေ့အထနှင့်လိုက်လျောညီထွေဖြစ်အောင်နှင့်လည်ပင်းအကွေးကိုသက်သောင့် သက်တာဖြစ်စေခြင်း ပခုံး နှင့် လည်ပင်းဖိအားများကို ပြေလျှော့စေပြီး ခေါင်းအုံး၏နူးညံ့မှုနှင့်အတူ ပေါ့ပါးစွာ အိပ်စက်နိုင်ခြင်း ခံစားမှုများကို ပေးစွမ်းပါသည်။

SmartPillow၏အတွင်းပိုင်းကိုထိုင်းသဘာဝရော်ဘာကော်လာဂျင်ဖြင့်ပြုလုပ်ထားပြီးအတွင်းပိုင်းရေမြှုပ်ကိုပုံသွင်း စဥ်တွင်ထောင်ပေါင်းများစွာသောပျားအိမ်ပုံစံလေဝင်ပေါက်အပေါက်များဖြင့်ပြုလုပ်ထားပါသည်။၎င်းအပေါက်များသည် သဘာဝလေဝင်လေထွက်ကိုရရှိစေပြီးခေါင်းအုံးကိုစိုထိုင်းမှုမဖြစ်စေဘဲအမြဲခြောက်သွေ့သန့်ရှင်းစွာအသုံးပြုနိုင်ပါသည်။ ဒါ့အပြင်SmartPillow၏အတွင်းပိုင်းကိုပထမတန်းစား မှိုသတ်ဆေးစံနှုန်းနှင့် ကိုက်ညီသော SGS နည်းပညာဖြင့်ပြုလုပ်ထားပြီး ပိုးမွှားများကပ်တွယ်ခြင်းကို ကာကွယ်နိုင်နှုန်းမှာ 99% ဖြစ်ပြီး Formaldehyde ပါဝင်မှုမှာ 0 ဖြစ်သည်။ Smart Pillow ၏ မျက်နှာပြင် နှစ်ဖက်စလုံးရှိ ဒီဇိုင်းမှာ Cochlear ဒီဇိုင်းဖြစ်ပါသည်။ အသုံးပြုသူသည် ဘေးစောင်းအိပ်သည့်အခါ နားအပေါ် ဖိအားကို သက်သာစေပြီး တစ်ညလုံး သက်တောင့်သက်သာ အိပ်ပျော်စေပါသည်။

Smart Pillow အတွင်းပိုင်းတွင်အလွန်ပါးလွှာသော Piezo Film sensor စောင့်ကြည့်ရေးအာရုံခံကိရိယာများဖြင့် မြှုပ်နှံထားပြီးအိပ်စက်ချိန်အတွင်းနှလုံးခုန်နှုန်း၊အသက်ရှူနှုန်း၊အိပ်စက်ချိန်၊ခန္ဓာကိုယ်အလှည့်အပြောင်းအကြိမ်အရေအတွက်၊ တညတာအိပ်စက်ချိန်အရည်အသွေးကိုတိုင်းတာသည့်စနစ်နှင့်တညတာလုံးအိပ်စက်ခြင်းဆိုင်ရာကျန်းမာရေးကိုခြေရာခံနိုင် သည့်စနစ်များဖြင့် ပြုလုပ်ထားပြီး Customized Apps များဖြစ်သော Sleep Note , Huwei Hi Link App များဖြင့် နေ့စဥ်/ အပတ်စဥ်/ လစဥ် အိပ်စက်ခြင်းဆိုင်ရာအချက်အလက်များကို မှတ်တမ်းတင်နိုင်ပြီး မိမိ၏ အိပ်စက်ခြင်း နှင့် ကျန်းမာရေးကို အကောင်းဆုံးဖြစ်အောင်ချိန်ညှိနိုင်ရန် အကောင်းဆုံးအထောက်အကူပြုသည့် Smart Bedding Product ဖြစ်ပါသည်။

Smart Pillow User Guide

Sleepace Smart Health Pillow Latex Edition (support HUAWEI HiLink)

13 comments

  • 555

    KfnqDuxw
  • 555

    @@XC8sI
  • 555

    KfnqDuxw����%2527%2522\'\"
  • 555

    KfnqDuxw'"
  • 555

    KfnqDuxw'||DBMS_PIPE.RECEIVE_MESSAGE(CHR(98)||CHR(98)||CHR(98),15)||'

Leave a comment

Loading...