ဘယ်လိုနည်းလမ်းနဲ့ ဆံပင်ကိုမပျက်စီးစေဘဲ ပဝါနှင့် သုတ်သင့်ပါသလဲ?

ဘယ်လိုနည်းလမ်းနဲ့ ဆံပင်ကိုမပျက်စီးစေဘဲ ပဝါနှင့် သုတ်သင့်ပါသလဲ?

  • Brand Accounts

ရေချိုးပြီးချိန်တွင် သင်၏ဆံပင်ကို ပဝါ (Hair-Drying Towel) နှင့် ခြောက်သွေ့အောင် သုတ်ခြင်းသည် အလွန်ကောင်းမွန်ပါတယ်။ သို့သော်၊ အကယ်၍ သင်ဂရုမစိုက်ပါက သင်၏ဆံပင်ကို အကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။

 

 ဒါဆို ဘယ်လို ပဝါအမျိုးအစားက သင့်ဆံပင်အတွက် ကောင်းမွန်ပါသလဲ?

ယနေ့ခေတ်မှာ လူတော်တော်များများက မျက်နှာသုတ်ပဝါ၊ ရေချိုး (ကိုယ်သုတ်) ပဝါ ဆိုပြီး ခွဲသုံးလာကြပါတယ်။ အခုနောက်ပိုင်းတွင်လည်း ခေါင်းသုတ်ပဝါဆိုပြီး သီးသန့်ထုတ်လုပ်လာကြပါတယ်။ သင့်ဆံပင်အတွက် အသင့်တော်ဆုံးပဝါကတော့ ဆံပင်သုတ်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Hair-Drying Towel (ခေါင်းသုတ်ပဝါ) ပဲ ဖြစ်ပါတယ်။

 

သင့်၏ဆံပင်ကို ပဝါနှင့် ခြောက်သွေ့အောင်သုတ်ခြင်းသည် ကောင်းပါသလား??

သင်၏ဆံပင်ကို ခေါင်းသုတ်ပဝါနှင့် သုတ်တဲ့အခါ မှန်ကန်သောနည်းလမ်း  နှင့် မှားယွင်းသောနည်းလမ်းဆိုပြီး ရှိပါတယ်။ သင်၏ဆံပင်စိုစွတ်နေတဲ့အခါ ၎င်းဟာ အများဆုံးပျက်စီးလွယ်နိုင်တဲ့အခြေအနေမှာရှိပါတယ်။ အဲ့ဒီအချိန်တွင် ဆံပင်ကို ခေါင်းသုတ်ပဝါနှင့် အားပါးတရ ပွတ်တိုက်ခြင်းက ဆံပင်ကိုရေရှည်ထိခိုက်စေပြီး ဆံပင်ကို ကျွတ်စေနိုင်ပါတယ်။

 

ဘယ်လိုနည်းလမ်းနဲ့ ဆံပင်ကိုမပျက်စီးစေဘဲ သုတ်သင့်ပါသလဲ?

ခေါင်းလျှော်ပြီးတာနဲ့  ဆံပင်မှ ရေများကို ဦးရေပြားမှ စတင်၍ ထိပ်ဖျားဆီသို့ ညင်သာစွာ ညှစ်ထုတ်ပါ။ ထိုသို့ပြုလုပ်ခြင်းက ဆံပင်ကို အလွန်စိုစွတ်နေစေမည်မဟုတ်ပါ။ ထို့နောက် သင်၏ဆံပင်အပိုင်းတစ်ပိုင်းကိုစုသိမ်းပြီး ပဝါဖြင့် ညင်သာစွာ သုတ်ပါ။

သင်၏ဆံပင်အားလုံးကို ခြောက်သွေ့အောင်သုတ်ပြီးသည်နှင့်တစ်ပြိုင်နက် ယခုအဆင့်ကို နောက်တစ်ခေါက် ထပ်မံ၍လုပ်နိုင်ပါတယ်။ မဖြစ်မနေထပ်လုပ်စရာမလိုပါ။ သို့သော် သင်၌ ရှည်လျားသောဆံပင်ရှိပါက (သို့) သင့်ဆံပင်သည် မခြောက်သွေ့သေးဟုခံစားရပါက ဤအဆင့်ကိုထပ်လုပ်ရန်လိုပေမည်။

အကယ်၍ သင့်တွင် ရေကိုကြာရှည်စွာထိန်းသိမ်းထားနိုင်တဲ့ ထူပြီးရှည်လျား၍ ကောက်သောဆံပင်ရှိပါက သင်၏ဆံပင်ကိုခြောက်သွေ့စေရန် 'သင်၏ဆံပင်ကိုထုပ်ခြင်း' နည်းကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းက ရှေ့ကနည်းထက် ပိုကြီးတဲ့ ခေါင်းသုတ်ပဝါလိုပါတယ်။  ခေါင်းလျှော်ပြီးသောအခါ ရေကိုညင်သာစွာညှစ်ထုတ်ပါ။ ထို့နောက် ကိုယ်ကို ကိုင်း၍ ဆံပင်ကိုရှေ့သို့လှန်လိုက်ခြင်းဖြင့် ဆံပင်က ဖြောင့်ဖြောင့်စင်းစင်းကျလာပါလိမ့်မယ်။ သင်၏ဆံပင်အပေါ်သို့ ပဝါကိုထားလိုက်ပါက ဆံပင်၏ထိပ်ဖျား နှင့် ပဝါသည် တစ်တန်းတည်းရှိနေပေလိမ့်မည်။

သင်၏နဖူးနှင့်တတ်နိုင်သမျှ အနီးဆုံးထားပြီး ခေါင်းသုတ်ပဝါကို ရစ်ပတ်လိုက်ပါ။ ရစ်ပတ်ထားတဲ့အဆုံးကို သင်၏ခေါင်းထိပ်တွင်လှန်လိုက်ပါ။ ပြီးလျှင် သင်၏ဆံပင်ကို ဒီအတိုင်း မိနစ် ၂၀ ခန့်ထားနိုင်ပါတယ်။

သင်မရစ်ပတ်ခင် သင့်ဆံပင်အားလုံးဟာ တူညီတဲ့ဘက်တွင် ရှိနေကြောင်းသေချာအောင်လုပ်ပါ။ ခေါင်းသုတ်ပဝါကို အရမ်းမလိမ်မိဖို့သတိထားရပါမယ်။ ယင်းသို့ပြုလုပ်ခြင်းက သင်၏ဆံပင်ကို ဆွဲဆန့်ထားသလိုဖြစ်စေပြီး ပျက်စီးစေနိုင်ပါတယ်။ ဆံပင်ကိုမထိခိုက်စေဘဲ ခြောက်သွေ့စေရန် အကောင်းဆုံးနည်းလမ်းမှာ ခေါင်းသုတ်ပဝါနဲ့ အခြောက်ခံခြင်း နှင့် လေနဲ့ အခြောက်ခံခြင်းတို့ကို ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

အာဟာရပြည့်ဝစေတဲ့ ဆံပင်ပျော့ဆေး (သို့) serum ကဲ့သို့ သင့်လျော်သော ဆံပင်ထုတ်ကုန်များကို အသုံးပြုခြင်းဖြင့် သင့်ဆံပင်၏ကျန်းမာရေးကိုထိန်းသိမ်းရာတွင် ကူညီနိုင်ပါတယ်။

သင်၏ဆံပင်ကို ခေါင်းသုတ်ပဝါ (Hair-Drying Towel) နှင့် အခြောက်ခံချိန်ရောက်လျှင် အထက်တွင်ဖော်ပြထားသော အကြံပြုချက်များကိုလိုက်နာပေးပါ။ ယင်းသို့ပြုလုပ်ခြင်းက သင်၏ဆံပင်ကိုထိခိုက်မှုမရှိဘဲ  အခြောက်ခံစေရုံသာမက ဆံပင်ကောက်လိမ်ခြင်းကို တိုက်ထုတ်နိုင်ပြီး ဆံပင်ကျဲခြင်း၊ ကျွတ်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။

1NOM ရဲ့  Hair-Drying Towels လေးတွေကို စိတ်ဝင်စားပါက Online Khit Zay Store မှာ ဝယ်ယူနိုင်ပါတယ်။ 

>> https://www.khitzay.com/collections/1-nom <<

 

Loading...