ကလေးအတွက် ဘယ်လိုကားနှင့်ဆော့ကစားခြင်းက ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသလဲ?

ကလေးအတွက် ဘယ်လိုကားနှင့်ဆော့ကစားခြင်းက ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသလဲ?

  • Brand Accounts

သားသားမီးမီးလေးကို အမြဲတမ်း အကောင်းဆုံးတွေပဲ လုပ်ပေးချင်တဲ့ ဖေဖေမေမေတို့ မေးလေ့ရှိတဲ့မေးခွန်းကတော့ ကားအရမ်းကြိုက်တဲ့သားသားလေးအတွက် ဘယ်လိုကားမျိုးနဲ့ဆော့ကစားခြင်းက သူ့ရဲ့ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပိုဖြစ်စေလဲ ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

အိမ်ထဲမှာပဲနေရတဲ့ကလေးလေးတွေအတွက် စိန်ခေါ်မှုများစွာနှင့် ထူးခြားသောအကျိုးကျေးဇူးများကို Hot Wheels လေးနဲ့ အတူ ရှာဖွေလိုက်ရအောင် … Hot Wheels ဟာ USA Toys Company တစ်ခုဖြစ်တဲ့ Mattel ကနေထုတ်လုပ်ထားပြီး ကမ္ဘာကျော် Brand တစ်ခုလဲဖြစ်ပါတယ်။ Hot Wheels ကားလေးတွေနဲ့ Play Set တွေဟာ ကလေးတွေအတွက် ကစားစရာပစ္စည်းတစ်ခုထက်ပိုပြီး ကလေးငယ်လေးတွေရဲ့ဖွံ့ဖြိုးမှုကို များစွာအထောက်အကူဖြစ်စေတဲ့ ကစားစရာလေးတွေပဲဖြစ်ပါတယ်။

Hot Wheels နဲ့ဆော့ကစားခြင်းဖြင့် အခက်အခဲများကိုကျော်လွှားရန်စဉ်းစားတွေးခေါ်နိုင်စွမ်း (Problem Solving Skills) အပြင် ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ကို တိုးတက်လာစေမှာပါ။ ဒါ့အပြင် တခြားရွယ်တူကလေးတွေနဲ့ ဆော့ကစားတဲ့အခါ မျှတမှု နဲ့ လေးစားမှု ထားပြီး ဆော့ရမယ်ဆိုတဲ့စိတ်ကို လှုံ့ဆော်မှုပေးပါတယ်။ 

Hot Wheels နဲ့ ကစားခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို  ပုံနှင့်တကွ  ဖော်ပြပေးလိုက်ပါတယ်။ 

ဒါကြောင့်မို့ ဖေဖေမေမေတို့ ကြိုက်နှစ်သက်ပြီး အမေးများလေ့ရှိတဲ့
Hot Wheels အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားပါက Khit Zay တွင်ဝယ်ယူရရှိနိုင်ပါတယ်။

https://www.khitzay.com/pages/bkidz-official-store

 

Loading...