Fashion

အဖြူရောင် ဝတ်ပြီးအပြင်သွားတဲ့အခါ သင်ရရှိမည့် အကျိုးအမြတ်တွေက ဘာတွေဖြစ်မလဲ ?
- Brand Accounts
-
နွေးဦးကာလ မြူတွေထ သလို လူတွေခဏခဏ အပြင်သွားနေရတော့ အပြင်ထွက်တဲ့အခါ အဖြူရောင် ဝတ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးလေးကို အားလုံးအတွက် မျှဝေပေးခြင်ပါတယ်ပထမ ဆုံး တစ်ချက်အနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ အဖြူရောင်ရဲ့ အားသာချက်က အနက်ရောင် နဲ့ အရောင်ခပ်မှိုင်းမှိုင်းတွေလို ပြင်ပကလာတဲ့ အလင်းတွေ အပူတွေကို စုပ်ယူတာမျိုးမဟုတ်ဘဲ ပြန်လည် အလင်းပြန်စေတာကြောင့် အဖြူရောင်ကို ဝတ်ဆင်ပြီး နေပူထဲသွားဖြစ်ရင်တောင် သာမန်အိုက်စက်နေတာထက်ပိုမိုသက်သောင့်သက်သာဖြစ်တယ်ဆိုတဲ့ခံစားမှုကိုရရှိစေပါတယ် ။နောက်တစ်ချက် အနေနဲ့ ပေါ့ပေါ့ပါးပါး သွားလာချင်တဲ့ နေရာမျိုးမှာ အဖြူရောင် T shirt တွေဟာ သင့်အတွက် အထူးသင့်လျော်ပါတယ် ။Jeans ပဲလား ? ကိုယ်နှစ်သက်ရာ Trousers တစ်ခုခုပဲလား ? မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး အဖြူရောင် T shirt တစ်ထည်လောက်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ခြင်းက သင့်ကို အချိန်ကုန် သက်သာစေမှာဖြစ်သလို Smartဖြစ်နေတဲ့ Casual Look တစ်ခုကို ရရှိပိုင်ဆိုင်စေမှာ အသေချာပါပဲ ။နောက်ဆုံး တစ်ချက်အနေနဲ့ကတော့ အဖြူရောင်ကို ရွေးချယ်ခြင်းဟာ သင့်ကို လူတွေကြားထဲမှာပိုမိုထင်ပေါ်စေပါတယ် မိမိ...

နွေရာသီမှာ Sun Cream ဘာကြောင့်လိုလဲ?
- Brand Accounts
-
နွေရာသီမှာ Sun Cream ဘာကြောင့်လိုလဲ?ဟုတ်ပါတယ်။ Sun Cream ဟာ နေ့တိုင်းအတွက် တကယ်ကို မရှိမဖြစ်လိုအပ်တဲ့အရာပါ။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အသားအရေခြောက်သွေ့ခြင်းတို့ကစလို့ အသားအရေကင်ဆာဖြစ်ခြင်းတို့ကို ဖြစ်စေတဲ့ UV Rays ကို Sun Cream က ကာကွယ်ပေးနိုင်ပါတယ်။အခုလတ်တလော အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံရဲ့ပူပြင်းလှတဲ့ နေဒဏ်ကို အံတုရင်း အပြင်ကို ဆက်တိုက်ထွက်နေရတယ် မဟုတ်လား။ ကဲဒါဆိုရင် ဒီစာလေးက သင့်အတွက်ပါပဲ..Sun Cream မလိမ်းရင်ဘာတွေဖြစ်နိုင်လဲ?UV Ray က အသားအရေလျော့တွဲခြင်း၊ ပျက်စီးခြောက်သွေ့ခြင်းတို့ကို ဖြစ်ပေါ်စေပြီး အသက်အရွယ်ရလာတာနဲ့အမျှ အမဲစက်တွေ၊ အရေးအကြောင်းတွေ တားမရဆီးမရ ပေါ်လာနိုင်ပါတယ်။ အပြင်ထွက်တိုင်း Sun Cream နဲ့ Moisturizer လိမ်းပေးခြင်းက Anti Aging ဆေးတစ်ခွက်ပါပဲလို့ အရေအပြားဆရာဝန်တွေက ဆိုပါတယ်။ဘယ်လို Sun Cream ကို ရွေးချယ်ကြမလဲMoisturizer ရွေးချယ်သလိုမျိုး ကိုယ့်အသားအရေအပေါ်မူတည်ပြီး Sun Cream ရွေးချယ်တတ်ဖို့က အရေးကြီးဆုံးပါပဲ။ အနည်းဆုံး SPF 30 ပါဝင်တဲ့ Sun...

ယခုရက်ပိုင်းအိမ်ပြင်ထွက်တဲ့အခါ ဘာတွေပြင်ဆင်သွားသင့်ပါသလဲ ?
- Brand Accounts
-
ပထမဆုံးအချက်အနေနဲ့ကတော့ မြန်မာနိုင်ငံအနေနဲ့ များသောအားဖြင့် အပူချိန် 27°C မှာရှိလေ့ရှိသလို | UV Index လို့ခေါ်တဲ့ ultraviolet (UV) သက်ရောက်မှုရှိတဲ့အပြင်းထန်ဆုံး နိုင်ငံများစာရင်းမှာပါဝင်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ အကြောင်းကိစ္စတစ်ခုခုကြောင့် အိမ်ပြင်ထွက်ပြီဆိုတာနဲ့ကို မဖြစ်မနေ ဦးထုပ် ၊ နေကာမျက်မှန် နှင့် Sunscreen တွေနဲ့ UV ဒဏ်ကကာကွယ်ထားဖို့ အထူးလိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ အိမ်အပြင်မှာ မနက် (၉) နာရီမှ ညနေ (၄) နာရီဝန်းကျင်ခန့်အထိ ရှိနေမယ်ဆိုရင်လည်း adidas ချစ်သူများအတွက် ရေဓါတ်ဆုံးရူံးမှုမဖြစ်စေပဲ ခွန်အားပြည့်တက်ကြွနေစေရန်အတွက် အရေးကြီးသောအရာတွေအများကြီးရှိပေမယ့်လည်း ရေ (၂) လီတာခန့်မဖြစ်မနေ သောက်သုံးဖြစ်ကြဖို့ကို သတိလေးပေးပါရစေနော်။ ဘာအကြောင်းကြောင့်ပဲအိမ်ပြင်ထွက်ထွက် (၈) နာရီဝန်းကျင်ခန့်ကြာမယ်ဆို ရေ (၂) လီတာသောက်သုံးဖြစ်အောင် သောက်သုံးကြဖို့လည်းလိုအပ်ပါသေးတယ်။ တတိယအနေအချက်အနေနဲ့ကတော့ တစ်နေ့ကို (၈) နာရီနှင့်အထက်လမ်းလျှောက်ဖြစ်တယ် အိမ်ပြင်ပမှာရှိနေရတယ်ဆို Long-Standing Hours ခြေထောက်ကိုအသုံးပြုရသူထဲတစ်ဦးဖြစ်သွားပါပြီ။ ဒါကြောင့်မို့ မှန်ကန်သင့်တင့်တဲ့ ဖိနပ်တစ်ရံရွေးချယ်ဖို့ကလည်း အရေးကြီးပါသေးတယ်။ လမ်းလျှောက်တာကြာလိုက်တာနဲ့ မနာစေမယ့် ၊...