ကလေးအတွက် သင်ယူမှုအကောင်းဆုံး Learning Toys များ နှင့် အကျိုးကျေးဇူးများ

ကလေးအတွက် သင်ယူမှုအကောင်းဆုံး Learning Toys များ နှင့် အကျိုးကျေးဇူးများ

  • Brand Accounts

အသက် ၂ နှစ်အရွယ်ကနေ ၅နှစ်အရွယ်အထိအချိန်ဟာ ကလေးများ​၏ စူးစမ်းလေ့လာလိုစိတ် အဖွံ့ဖြိုးဆုံး အချိန်ကာလပဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကလေးငယ်တို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းကို အမြင့်မားဆုံးရောက်အောင် ကူညီထောက်ပံ့ပေးနိုင်မယ့်အရာတွေက ဘာတွေဖြစ်မလဲ?

"Toys are good for us" ဆိုတဲ့ စကားလေးအတိုင်း သားသားသားမီးမီးတို့ကို အဖော်ပြုပေးနေတဲ့ Learning Toys လေးတွေက အကောင်းဆုံးအထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီ Learning Toys လေးတွေကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ချင်ပါတယ်။

(၁) ကလေးငယ်များ​၏ ကြွက်သားများကို သန်မာလာစေခြင်း (Physicality Motor Skill Development)

Mega Bloks အတုံးလေးများနှင့် ဆော့ကစားသည့်အခါ ကလေးတို့၏ ကြွက်သားလေးများ၊ လက်ချောင်းလေးများက လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်ရသည့်အတွက် ကလေးများ​၏ Physical development ဖွံ့ဖြိုးနိုင်စေရန် အထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။ 

(၂) ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မှတ်ဉာဏ်အား ကောင်းလာစေရန် လှုံ့ဆော်ပေးခြင်း ( Brain Development)

Play-Doh အရောင်စုံဂျုံလေးများကို အသုံးပြု၍ အကောင်ငယ်လေးများကို ပုံဖော်ခြင်း၊ ကိန်းဂဏန်းလေးများကို ဖန်တီးခြင်း စသည်တို့ကို ပြုလုပ်ခြင်းများဖြင့် ကလေးတို့အား အရောင်များ ပုံသဏ္ဍာန်များနှင့် ရင်းနှီးစေသည့်အပြင် ထိုမှဆက်စပ်၍ တွေးခေါ်နိုင်စွမ်းနှင့် မှတ်နိုင်စွမ်းများ တိုးတက်လာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ပါတယ်။

(၃) ကလေးများအတွက် အာရုံခံအစိတ်အပိုင်းများ​၏နိုးကြားမှုကို အထောက်အကူဖြစ်စေခြင်း ( Sensory Development)

Board Games များနှင့် ဆော့ကစားစေခြင်းဖြင့် ကလေးများ​၏ အခြေအနေပေါ်မူတည်၍ တုံ့ပြန်မှု (More interaction)၊ လက်​၏လှုပ်ရှားမှုနှင့် မျက်လုံး​၏ အသွားအလာ ကိုက်ညီမှု (Hand- Eye Coordination) နှင့် Game တွင် အနိုင်ရရှိစေရန် ကြိုးပမ်းရာတွင် ဖြစ်ပေါ်လာသည့် Problem Solving Skill (အခက်အခဲဖြေရှင်းဖို့ စဉ်းစားတွေးခေါ်နိုင်စွမ်း) နှင့် Confidence Building (ယုံကြည်မှုကို တည်ဆောက်နိုင်စွမ်း) စသည့် အကျိူးကျေးဇူးများကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

 

 

Loading...