"Toys are good for us" ဆိုတဲ့ စကားလေးအတိုင်း သားသားသားမီးမီးတို့ကို အဖော်ပြုပေးနေတဲ့ Learning Toys လေးတွေက အကောင်းဆုံးအထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒီ Learning Toys လေးတွေကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ချင်ပါတယ်။
(၁) ကလေးငယ်များ၏ ကြွက်သားများကို သန်မာလာစေခြင်း (Physicality Motor Skill Development)
Mega Bloks အတုံးလေးများနှင့် ဆော့ကစားသည့်အခါ ကလေးတို့၏ ကြွက်သားလေးများ၊ လက်ချောင်းလေးများက လှုပ်ရှားမှုအမျိုးမျိုးကို ပြုလုပ်ရသည့်အတွက် ကလေးများ၏ Physical development ဖွံ့ဖြိုးနိုင်စေရန် အထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။
(၂) ကလေးငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မှတ်ဉာဏ်အား ကောင်းလာစေရန် လှုံ့ဆော်ပေးခြင်း ( Brain Development)
Play-Doh အရောင်စုံဂျုံလေးများကို အသုံးပြု၍ အကောင်ငယ်လေးများကို ပုံဖော်ခြင်း၊ ကိန်းဂဏန်းလေးများကို ဖန်တီးခြင်း စသည်တို့ကို ပြုလုပ်ခြင်းများဖြင့် ကလေးတို့အား အရောင်များ ပုံသဏ္ဍာန်များနှင့် ရင်းနှီးစေသည့်အပြင် ထိုမှဆက်စပ်၍ တွေးခေါ်နိုင်စွမ်းနှင့် မှတ်နိုင်စွမ်းများ တိုးတက်လာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ပါတယ်။
(၃) ကလေးများအတွက် အာရုံခံအစိတ်အပိုင်းများ၏နိုးကြားမှုကို အထောက်အကူဖြစ်စေခြင်း ( Sensory Development)
Board Games များနှင့် ဆော့ကစားစေခြင်းဖြင့် ကလေးများ၏ အခြေအနေပေါ်မူတည်၍ တုံ့ပြန်မှု (More interaction)၊ လက်၏လှုပ်ရှားမှုနှင့် မျက်လုံး၏ အသွားအလာ ကိုက်ညီမှု (Hand- Eye Coordination) နှင့် Game တွင် အနိုင်ရရှိစေရန် ကြိုးပမ်းရာတွင် ဖြစ်ပေါ်လာသည့် Problem Solving Skill (အခက်အခဲဖြေရှင်းဖို့ စဉ်းစားတွေးခေါ်နိုင်စွမ်း) နှင့် Confidence Building (ယုံကြည်မှုကို တည်ဆောက်နိုင်စွမ်း) စသည့် အကျိူးကျေးဇူးများကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
]]>
မွေးကင်းစနဲ့ လသားအရွယ် ကလေးငယ်များကို ခြေလက်လေးတွေ ကောင်းမွန်စွာလှုပ်ရှားမှု နဲ့ စနစ်တကျ ကျွေးမွေးစောင့်ရှောက်မှုက အရွယ်ရောက်လာတဲ့အခါ ကောင်းကျိုးပြုမှာဖြစ်ပါတယ်။ လသားအရွယ် တစ်ချို့ ကလေးငယ်များဟာ ညာဘက် (သို့) ဘယ်ဘက် (သို့) တစ်ဘက်ထဲ အားသန်နေတာမျိုး၊ စောင်းကြည့်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ သူတို့ စိတ်ဝင်စားတဲ့အရာ ရှိတဲ့ဘက်တစ်ဘက်ထဲကို အမြဲတမ်း အားသန်ငေးကြည့်နေတတ်တာမျိုးဆိုရင် ကလေးငယ်များ မျက်လုံး၊ ဦးခေါင်း၊ လည်ပင်း၊ လက်တို့ဟာ လှုပ်ရှားမှု မမျှတခြင်းတွေဖြစ်တတ်ပါတယ်။
အဲ့လိုမဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ ??
ကလေးငယ်များကို မျက်လုံးကစားစေရန်၊ ဦးခေါင်း နှင့် လည်ပင်း လှုပ်ရှားမှု မျှတစေရန်၊ လက်ချောင်းလေးများရဲ့ သန်မာမှုများကို တိုးတက်စေရန်၊ ကလေးငယ်များ လဲလျောင်းရာ အခင်းလေးပေါ် အမြင့်လေးတွင် ပုံတွင်မြင်ရတဲ့အတိုင်း အရောင်စုံ တွဲလောင်းပုံစံစုံအရုပ်လေးများကိုထားပေးခြင်းဖြင့်
၁။ ကလေးငယ်များရဲ့ စူးစမ်းလိုစိတ်ကို လှုံဆော်ပေးနိုင်ခြင်း။
၂။ အမြင်အာရုံကောင်းမွန်မှု နှင့် အရောင်ကွဲများကို မှတ်သားနိုင်ခြင်း။
၃။ မျက်လုံးလေးများ၊ လက်လေးများကို လှုပ်ရှားမှုဖြစ်စေလို့ တစ်ဘက်ထဲကို ကြည့်နေတာ အားသန်နေတာမျိုးမဟုတ်ပဲ ဘက်မျှတဲ့ လှုပ်ရှားမှုများကို ဖြစ်စေပါတယ်။
နောက်ပြီး ကလေးငယ်များအိပ်မယ့် နေရာအခင်းဟာ နူးညံ့နေရပါမယ်။ ဒါမှ ကလေးလေးတွေဟာ အခင်းပေါ်ကြာကြာအိပ်နိုင်ပြီး လေ့ကျင့်ခန်းလေးကို သေချာလုပ်နိုင်မှာဖြစ်ပါတယ်။
ကလေးငယ်လေးတို့ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်အထောက်အကူပြုတဲ့ Fisher Price 2-in-1 Flip & Fun Activity Gym ကစားစရာလေးစိတ်ဝင်စားတယ်ဆိုရင်တော့ Bkidz ဆိုင်များနဲ့ Online Khit Zay မှတစ်ဆင့် ဝယ်ယူအားပေးနိုင်ပါပြီ။
>> https://bit.ly/308HevY <<
]]>
တချို့မိဘတွေကတော့ Play Doh ဂျုံနဲ့ ဆော့ကစားခြင်းက ရှုပ်ပွစေတယ်လို့ မြင်တတ်ပါတယ်။ တကယ်တော့ Play Doh ဂျုံနဲ့ဆော့ခြင်းအားဖြင့် ရရှိလာတဲ့ အကျိုးကျေးဇူးအများကြီးရှိပါတယ်။
Play Doh ဟာဆိုရင်ဖြင့် ဂျုံ၊ ရေ နှင့် ဆား တို့ဖြင့် ပြုလုပ်ထားပြီး ဘေးဥပါဒ်ဖြစ်စေတဲ့ ဓာတုပစ္စည်းများ ပါဝင်မှုမရှိခြင်းကြောင့် အန္တရာယ်ကင်းစွာ ဆော့ကစားနိုင်ပါတယ်။
Play Doh နဲ့ကစားခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ပုံလေးနှင့်တကွဖော်ပြပေးလိုက်ပါတယ်နော်။
အခုဆိုရင်တော့ ဖေဖေမေမေတို့လည်း ကလေးအတွက် ဘယ်လိုကစားစရာလေးတွေ ရွေးချယ်ဝယ်ယူသင့်လဲဆိုတာကို ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ Play Doh ဂျုံဘူးလေးတွေနဲ့ Playset လေးတွေကို Khit Zay တွင် ဝယ်ယူရရှိနိုင်ပါတယ်။
https://www.khitzay.com/search?q=Play%2BDoh
]]>အိမ်ထဲမှာပဲနေရတဲ့ကလေးလေးတွေအတွက် စိန်ခေါ်မှုများစွာနှင့် ထူးခြားသောအကျိုးကျေးဇူးများကို Hot Wheels လေးနဲ့ အတူ ရှာဖွေလိုက်ရအောင် … Hot Wheels ဟာ USA Toys Company တစ်ခုဖြစ်တဲ့ Mattel ကနေထုတ်လုပ်ထားပြီး ကမ္ဘာကျော် Brand တစ်ခုလဲဖြစ်ပါတယ်။ Hot Wheels ကားလေးတွေနဲ့ Play Set တွေဟာ ကလေးတွေအတွက် ကစားစရာပစ္စည်းတစ်ခုထက်ပိုပြီး ကလေးငယ်လေးတွေရဲ့ဖွံ့ဖြိုးမှုကို များစွာအထောက်အကူဖြစ်စေတဲ့ ကစားစရာလေးတွေပဲဖြစ်ပါတယ်။
Hot Wheels နဲ့ဆော့ကစားခြင်းဖြင့် အခက်အခဲများကိုကျော်လွှားရန်စဉ်းစားတွေးခေါ်နိုင်စွမ်း (Problem Solving Skills) အပြင် ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတို့ကို တိုးတက်လာစေမှာပါ။ ဒါ့အပြင် တခြားရွယ်တူကလေးတွေနဲ့ ဆော့ကစားတဲ့အခါ မျှတမှု နဲ့ လေးစားမှု ထားပြီး ဆော့ရမယ်ဆိုတဲ့စိတ်ကို လှုံ့ဆော်မှုပေးပါတယ်။
Hot Wheels နဲ့ ကစားခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။
ဒါကြောင့်မို့ ဖေဖေမေမေတို့ ကြိုက်နှစ်သက်ပြီး အမေးများလေ့ရှိတဲ့
Hot Wheels အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားပါက Khit Zay တွင်ဝယ်ယူရရှိနိုင်ပါတယ်။
https://www.khitzay.com/pages/bkidz-official-store
]]>